ပြည်သူဆိုတဲ့ စကားလုံး

ဒီတပတ် မျက်မှောက် မြန်မာ့ နိုင်ငံရေးနဲ့ နိုင်ငံရေး ဝေါဟာရများ အစီစဉ်မှာ ပြည်သူဆိုတဲ့ စကားရပ်အကြောင်း တင်ပြဆွေးနွေးထားပါတယ်။ ပြည်သူဆိုတဲ့ ဝေါဟာရမှာ လူတန်းစားတရပ်ထဲကိုပဲ ကိုးစားပြုတယ်ဆိုရင် ဒါဟာ ပြည်သူဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူးလို့ နိုင်ငံရေး၊ လူမှုရေးနယ်က လေ့လာသူတွေက ပြောကြပါတယ်။

(အသံလွှင့်ရက် ၂၀၀၇ ဇန္န၀ါရီလ ၁၉ ရက်။ ပါဝင်ဆွေးနွေးသူများ-စာရေးဆရာ မောင်မိုးသူ၊ အမျိုးသားရေးဦးဝင်းနိုင်၊ ဗိုလ်ကြီးနေသု)

နိုင်ငံရေးစကားဝေါဟာရတွေဟာ နားလည်ဖို့ လွယ်ကူသယောင်ရှိပေမယ့် ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်။ ရပ်တည်ချက်နဲ့ အများပြည်သူ သာမန်လူတွေအပေါ်မှာ ဘယ်လိုဆိုးကျိုးတွေ ရှိနေသလဲဆိုတာကိုတော့ တိတိကျကျ သဘောပေါက်ဖို့ အလွန်းခဲယဉ်းပါတယ်၊

ဒီစကားလုံးတွေထဲမှာ ပြည်သူဆိုတဲ့ စကားလည်း ပါဝင်ပါတယ်။

စာပေနဲ့ စာနယ်ဇင်းနယ်က လူမှုရေးနိုင်ငံရေး လေ့လာသူတွေကတော့ ပြည်သူဆိုတာ ရာထူး ဂုဏ်သိမ်၊ သြဇာအာဏာနဲ့ အခွင့်ထူးရရှိတဲ့သူတွေကနေ ခွဲခြားပြီး ဖော်ပြရတဲ့ သာမန်လူတွေကို ခေါ်တာလို့ အနက်ဖွင့်ပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ပြည်သူဆိုတဲ့ ဝေါဟာရမှာ လူထုလူတန်းစားအသီးသီးနဲ့ နိုင်ငံသားအားလုံးကို ကိုးစားပြုတယ်လို့ ဆိုပါတယ်။

ပြည်သူဆိုတဲ့ ဝေါဟာရနဲ့ ဆက်စပ်ပြီး ရန်ကုန်မြို့က စာရေးဆရာကြီး မောင်မိုးသူ၊ နိုင်ငံရေးလေ့လာသူ အမျိုးသားရေး ဦးဝင်းနိုင်နဲ့ မြန်မာ့တပ်မတော်က အငြိမ်းစား အရာရှိတဦင်္းဖြစ်တဲ့ ဗိုလ်ကြီးနေသူတို့ကို မျက်မှောက် မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံရေးဝေါဟာရကနေ သီးခြားစီ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ပထမဆုံးဆရာကြီးမောင်မိုးသူကို ကျနော်က အခုလိုမေးကြည့်ပါတယ်။

မေး။ ။ အခု နိုင်ငံရေးသမားတွေကပေါ့နော်၊ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ လက်ရှိ မြန်မာစစ်အစိုးရအပါအ၀င်ပေါ။့ ပြည်သူ။ ပြည်သူ ဆိုပြီး ပြောကြတယ်။ ဥပမာဆိုပါဆို့- ပြည်သူတွေက ပြောနေကြတယ်၊ ပြည်သူတွေက ဒေါသထွက်နေကြတယ်။ ပြည်သူတွေက ကျေးဇူးတင်တယ်။ နောက်တခုက ပြည်သူ့သဘောထား။

ဒါတွေဟာ ဘယ်သူတွေကို ပြောတာလဲ။ တကယ့်လက်တွေ့မှာ နိုင်ငံရေးသမားတွေက ပြောတဲ့ ပြည်သူနဲ့ ဘယ်လောက်ကွာလဲ ဆရာ။

မောင်မိုးသူ။ ။ ပြည်သူဆိုတဲ့ စကားလုံးကိုပဲပေါ့နော်။ ပြည်သူဆိုတဲ့ စကားလုံးကို အာဏာပိုင်အဖွဲစည်းက သုံးတဲ့ အဓိပ္ပာယ်က တမျိုး။ အတိုက်အခံ နိုင်ငံရေးသမားတွေက ပြောတဲ့ အဓိပ္ပာယ်က တမျိုး။

ပြည်သူဆိုတဲ့ စကားလုံးပဲ ပေါ့နော်။ တို့ဆီမှာ အဲဒီနှစ်ခုက သိပ်ကွဲသွားတာကိုး။ ဘာလို့လဲဆိုတော့ အတိုက်အခံကပြောတဲ့ ပြည်သူဆိုတာက အဖိနှိပ်ခံ၊ အုပ်စိုးခံ လူတွေကို ကိုယ်စားပြုတာပေါ့နော်။ အစိုးရဖက်က ကျတော့က မဟုတ်ဘူး။ သူတို့ကို ထောက်ခံတဲ့လူကို ပြည်သူလို့ ပြောချင်တာ။

ရှေးတုန်းက ဗုဒ္ဓဘာသာပေါ်လာတော့ အဖိနှိပ်ခံလူတွေက ပြည်သူပေါ့နော်။ ဖိနှိပ်တဲ့ လူတွေက အရင်းရှင် ဖိနှိပ်သူလူတန်းစားပေါ့နော် ရှိလာတယ်။

ပြည်သူဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ကို နိုင်ငံရေးသဘောတရားဘက်က အဓိပ္ပာယ်ဖွင့်ကြည့်နိုင်ဖို့ အမျိုးသားရေးဦးဝင်းနိုင်ကို ကျနော်ဆက်သွယ်မေးကြည့်ပါတယ်။

ဦးဝင်းနိုင်။ ။ ပထမ သာမန်အားဖြင့်ကြည့်ရင်တော့ နယ်မြေတခု၊ တိုင်းပြည်တခုမှာ နေကြတဲ့ တိုင်းရင်းသားမျိုးစုံပါမယ်။ နောက်ပြီးတော့ စီးတီးဇင်ရှစ်လို့ ခေါ်တဲ့ နိုင်ငံသားအဖြစ် ခံယူထားတဲ့သူတွေပါမယ်။ သို့သော် နိုင်ငံရေးမှာ အဖွဲ့စည်းအားလုံးက- ဘယ်အဖွဲ့စည်းဖြစ်ဖြစ် ပြည်သူဟာ ကျနော်တို့ဖက်ကရှိမယ်။  ပြည်သူကို ကျနော်တို့က အလုပ်ကျွေးပြုနေပါတယ် စသဖြင့် အဲသလို ပြောတဲ့ နေရာမှာ သူတို့ ပြောတဲ့ ပြည်သူသည် စောစောက ကျနော်ပြောခဲ့တဲ့ နိုင်ငံတနိုင်ငံပိုင်နက်အတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးကို ရည်ညွန်းပြောဆိုနိုင်တာ မဟုတ်ဘူးဗျ။

ဥပမာဗျာ- အစိုးရအဖွဲ့တဖွဲ့ရှိမယ်။ အဲဒီအစိုးရအဖွဲ့က ကျနော်တို့ပြည်သူ့အကျိုးကို လုပ်ပါတယ်လို့ ပြောတဲ့ နေရာမှာ ပါးစပ်ကသာ ပြည်သူဆိုတဲ့ စကားကို သုံးလိုက်တာ။ တကယ်တမ်း သူတို့အကျိုးပြုတဲ့ဟာက အုပ်စု တစုရင်လည်း ဖြစ်မယ်။ လူတန်းစားတရပ်ရင်လည်း ဖြစ်တတ်တယ်။

အဲဒါမျိုးက အဲဒီအစိုးရအုပ်ချုပ်တဲ့ နိုင်ငံရေး လူမှုရေးစနစ်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲ သွားတတ်တယ်။ အဲဒါက မှားယွင်းတဲ့ အုပ်စုခွဲတဲ့ လုပ်ငန်းတရပ်ပဲဗျ။

မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ ပြည်သူဆိုတဲ့ စကားရပ်ကို အာဏာပိုင်တွေ အသုံးပြုရာမှာ စောစောက ဆွေးနွေးခဲ့တဲ့ လူမှုရေးနိုင်ငံရေးအဓိပ္ပာယ်တွေနဲ့ မတူဘဲ ကွဲပြားလာတာတွေရှိပါတယ်။ ဥပမာပြရရင် လက်ရှိမြန်မာအစိုးရကပြောတဲ့ ပြည်သူဆိုတဲ့ စကားရပ်မှာ သာမန်နိုင်ငံသားအများစု မပါဝင်တာထင်ရှားပါတယ်လို့ မကြာခင်ကမှ တပ်က အငြိမ်းစား ယူလာတဲ့ ဗိုလ်ကြီးနေသူက ကောက်ချက်ချပါတယ်။

ဗိုလ်ကြီးနေသု။ ။ သူတို့က ရည်ရွယ်ချက် ၂ ခုရှိတယ်ဗျ။ ပြည်တွင်း တနိုင်ငံလုံးနဲ့ ချီ ၀ါဒဖြန့်ဖို့ တခုရယ်။ နောက် ပြည်ပက မီဒီယာက တဆင့် ပြည်သူအားလုံးက ထောက်ခံပါတယ်ဆိုတဲ့ အသွင်ပုံစံနဲ့ ၀ါဒဖြန့်ဖို့။

အဲတော့ တပ်ကို တခန်းတနား ၀ါဒဖြန့်ဖို့ – အခုဆိုရင် ကြံ့ဖွံ့ပေါ့ဗျာ။ ကက ကြီးက ဦးစီးတဲ့ အဖွဲ့တွေရှိတယ်ဗျ။ သုတေသနအဖွဲ့တွေ။ သူတို့တွေက စစီစဉ်ပြီးသား။ ဒီအဖွဲ့တွေက ဒီရည်ရွယ်ချက်တွေကို အကောင်ထည်ဖော်ဖို့ လူထုအင်အား ဘယ်လောက်ရဲ့ ထောက်ခံမှုရတယ်ဆိုတဲ့ ပုစံကို – အစစ်ကို ပြောတာမဟုတ်ဘူးနော်- အဲဒီထောက်ခံမှုပုံစံကို လိုချင်တယ်။ အဲဒါကို ဖန်တီးမယ်။

အဲဒီတော့ ဆယ်အိမ်ခေါင်းလောက်ကို ကြောက်နေတဲ့ လူတွေကို တအိမ်တယောက် ဆွဲစုတယ်။ ရောက်လာရော။ အင်အား လေး ငါးထောင်ရောက်လာရော။ အကုန်လုံးကလည်း ကြောက်တတ်တဲ့လူတွေချည်းပဲကိုး။ အဲဒီမှာတင် ပါရာဖတ်ပေါ့။ ရာဇာ ပါရာဖတ်တို့လို ပို့ပေးတဲ့ စာရွက်ကို ဖတ်မယ့်သူတွေက ဖတ်။ ရှေဆုံးက လူတွေလောက်ပဲ ဒို့အရေး။ ဒို့အရေး လိုက်အော်။ အဲဒါကို တီဗီက ရိုက်တယ်။ ကမ္ဘာကိုလွှင့်တယ်။ ပြည်သူ့သဘောထား။

ဘယ်ပြည်သူ့သွားမေး သွားမေး။ သိတာပေါ့ဗျာ။ အနှစ်ချုပ်လိုက်ရင် ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးနိုင်မယ့် သဘောထားမှ မဟုတ်ဘဲ။ ပြည်သူအားလုံးက တခဲနက်ထောက်ခံထားပြီး ထုတ်ပြန်ထားတဲ့ ပြည်သူသဘောထား မဟုတ်တာ သေချာတယ်။

အာဏာရနိုင်ငံရေးအဖွဲဏ္ဍစည်းတခုက သုံးနေတဲ့ ပြည်သူဆိုတဲ့စကားမှာ တကယ်လက်တွေ့ နိုင်ငံသား လူတန်းစား အားလုံးမပါခဲ့ရင် အဲဒီနိုင်ငံရေးအဖွဲ့အစည်းရဲ့ ရပ်တည်ချက်ဟာလည်း လူနည်းစု ရပ်တည်ချက်သာဖြစ်တယ်လို့ ဆိုကြပါတယ်၊ ဆရာကြီးမောင်မိုးသူက အခုလို ပြောပါတယ်။

မောင်မိုးသူ။ ။ တကယ်တမ်းက နိုင်ငံရေးအဖွဲ့စည်းတခုက ပြည်သူဆိုတဲ့စကားကို အသုံးပြုပြီး အဲဒီစကားလုံးက ပြည်သူအများစုကို ကိုယ်စားမပြုဘူးဆိုရင် အဲဒီအဖွဲ့ စည်းကလည်း ပြည်သူကို ကိုယ်စားပြုတဲ့အဖွဲ့စည်းလို့ ပြောလို့မရဘူး။

နိုင်ငံအကျိုးကို ရှေးရှုလုပ်တယ်ဆိုတဲ့ နိုင်ငံရေးအဖွဲ့စည်းတွေဟာ အားလုံးတန်းတူပါဝင်ခွင့်မရှိဘဲ တဖက်နဲ့တဖက် တိုက်ခိုက်နေမယ် ဆိုရင် အဲဒီနိုင်ငံမှာ တကယ် တိုးတက်မှုဆိုတာမရှိနိုင်ဘူးလို့ အမျိုးသားရေး ဦးဝင်းနိုင်က ပြောပါတယ်။

ဦးဝင်းနိုင်။ ။ ဒီအုပ်စုကို ဆွဲထုတ်လိုက်ရင် ကျန်တဲ့ အုပ်စုတွေလည်းရှိနေတယ်။ ကျန်တဲ့အုပ်စုနဲ့ ခွဲထုတ်တဲ့ အုပ်စုကြားမှာ ပဌိပက္ခအငြင်းပွားမှု ဖြစ်လာတယ်။ ကျိန်းသေပေါက်ဖြစ်လာတယ်။ ဖြစ်လာရင် အဲဒီတိုင်းပြည်မှာ ပြည်သူကြားမှာ အငြင်းပွားမှု တိုက်ခိုက်မှု မညီညွတ်မှုမရှိသမျှကာလပတ်လုံး အဲဒီနိုင်ငံမှာ လုမှုရေး စီးပွားရေး အင်တိုက်အားတိုက် လုပ်လို့မရတဲ့အတွက် တိုးတက်မှုက ဘယ်တော့မှလည်း ခိုင်ခိုင်မာမာရှိမှာလည်း မဟုတ်ဘူး။ အရှိန်ပြင်းပြင်းထန်ထန်နဲ့လည်း လုပ်နိုင်မှာ မဟူတ်ဘူး။

ဘယ်သူတွေကပဲဖြစ်ဖြစ် ပြည်သူလို့ ရည်ညွန်းပြီး ကျနော်တို့ ပြည်သူအတွက် လုပ်ပါမယ်ဆိုရင် အဲဒီနိုင်ငံထဲက လူတွေအားလုံးကို အဆင့်လည်း ခွဲလို့မဖြစ်ဘူး။ အသားအရောင်။ အယူဝါဒလည်း ခွဲလို့မဖြစ်ဘူး။ အယူဝါဒဆိုရာမှာ ဘာသာရေးလည်းပါတယ်။ နိုင်ငံရေးလည်းပါတယ်။ အဲဒီ ၂ ခုစလူံးလည်း ခွဲခြားလို့မဖြစ်ဘူး။ ဒီနိုင်ငံ ဒီနယ်မြေတွင်းမှာ နေသမျှ ရှိတဲ့ တိုင်းရင်းသားအားလုံး နို်င်ငံသားအားလုံးကို တပြေးညီဆက်ဆံပြီး ရည်ညွန်းလုပ်မှရင် ပြည်သူဆိုတဲ့ စကားလုံးကို အဲဒီအဖွဲ့စည်းက သုံးပိုင်ခွင့်ရှိလိမ့်မယ်။ ပြည်သူဆိုတဲ့ စကားလုံးရှေ့မှာ ကိုယ်စားပြုရပ်ပိုင်ခွင့်ရှိလိမ့်မယ်။

ဒါမှမဟုတ်ရင်တော့ သူတို့ပြောတဲ့ ပြည်သူဆိုတာ ပြည်စုံမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ဦးဝင်းနိုင်ရဲ့ ပြောကြားချက်နဲ့ပဲ မျက်မှောက်မြန်မာ့နိုင်ငံရေးနဲ့ ပြည်သူဆိုတဲ့ နိုင်ငံရေးဝေါဟာရအကြောင်း အစီစဉ်ကို ရပ်နားလိုက်ပါတယ်ခင်ဗျား။ ။

ဒီအသံလွှင့်အစီစဉ်ကို နားထောင်ဖို့ ဒီလင့်ကို နှိပ်ပါ Audio: The Term “People” in Burmese Politics

Advertisements

One Response to ပြည်သူဆိုတဲ့ စကားလုံး

  1. mayor mt says:

    ကိုနေထွတ် ၀ီကီမှာ ရေးပေးပါလား ကြိုဆိုပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: